ကျွန်ုပ်တို့၏ရုပ်ရှင်နှင့်ဗီဒီယိုစာကြည့်တိုက်ကိုအသင်းဝင်များမှသာလွှင့်ထုတ်နိုင်သည်
အခမဲ့စောင့်ကြည့်ရန်ဆက်လက်➞Sign Up လုပ်ရန် ၁ မိနစ်ခန့်သာလိုတော့သည်။ ထို့နောက်သင်သည် Unlimited Movies & TV ခေါင်းစဉ်များကိုခံစားနိုင်သည်။
さくら (2020)
အိုဆာကာမှာနေထိုင်ကြတဲ့ မိသားစုလေးတစ်ခုမှာ သားသမီး၃ယောက်ရှိပါတယ်။ ဆာကူရာဆိုတာကတော့ သူတို့ငယ်ငယ်တည်းက မွေးထားတဲ့ခွေးလေးရဲ့နာမည်ပါ။ အကြီးဆုံးသား ဟာဂျိမဲ၊သားလတ် ခအိုရုနဲ့ အငယ်ဆုံးကတော့ သမီးလေး မိခိပါပဲ။ အငယ်ဆုံး ကျမှ သမီးလေးမွေးတာမို့ မိဘတွေရော အစ်ကိုတွေကပါချစ်ပြီးအလိုလိုက်ကြပါတယ္။ ဒါကြော်င့မိခိက တစ်ကိုယ်ကောင်းဆန်ပြီး တဇွတ်ထိုး သူဖြစ်ချင်တာပဲသိပါတယ်။ အစ်ကိုကြီး ဟာဂျိမဲက အားကစားထူးချွန်ပြီး ဂုဏ်ယူရတဲ့သားတစ်ယောက်ပါ။ သားလတ် ခအိုရုကတော့ သူ့လောက်မတော်ဘဲ အစ်ကိုကြီးနဲ့အမြဲနှိုင်းယှဉ်ခံရပေမဲ့ မနာလိုစိတ် အလျဉ်းမရှိခဲ့သူပါ။ အစ်ကိုကြီးရည်းစားထား တော့လည်း မိခိက သဘောမကျဘဲ ကလန်ကဆန်တွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ပွင့်လင်းနွေးထွေးတဲ့ အားကျစရာမိသားစု လေးလိုပါပဲ။ ဒီလိုနဲ့ အားလုံးက အားကိုးချစ်ခင်ရတဲ့ သားကြီး ဟာဂျိမဲကို taxi တစ်စီးကဝင်တိုက်ပြီး အောက်ပိုင်းချိ မျက်နှာထိခိုက် သွားတဲ့အခါမှာတော့ မိသားစုအခြေလေး ပျက်ခဲ့ရပါတော့တယ်။ ဒီလိုမထင်မှတ်ထားတာတွေနဲ့ မိသားစုလေးက ဘယ်လိုရုန်းကန် ဖြတ်သန်းခဲ့ကြပြီး ပြန်လည်ကုစားခဲ့ကြလဲဆိုတဲ့အကြောင်းတွေကို ကြည့်ရှုရမှာပါ။
အမျိုးအစား: Drama
သွန်း: Nana Komatsu, Ryo Yoshizawa, Takumi Kitamura, Shinobu Terajima, Masatoshi Nagase, Kaho Mizutani
လေယာဉ်အမှုထမ်း: Hitoshi Yazaki (Writer), Kanako Nishi (Novel), Hitoshi Yazaki (Director)
Subtitle: ETC.