ကျွန်ုပ်တို့၏ရုပ်ရှင်နှင့်ဗီဒီယိုစာကြည့်တိုက်ကိုအသင်းဝင်များမှသာလွှင့်ထုတ်နိုင်သည်
အခမဲ့စောင့်ကြည့်ရန်ဆက်လက်➞Sign Up လုပ်ရန် ၁ မိနစ်ခန့်သာလိုတော့သည်။ ထို့နောက်သင်သည် Unlimited Movies & TV ခေါင်းစဉ်များကိုခံစားနိုင်သည်။
![](https://image.tmdb.org/t/p/w780/bKhjkC4qHK6ta5QwytWIVIv0IXe.jpg)
24 (2016)
ဒီဇာတ်ကားမှာ ဆူးရီးယားဟာ အဖေနေရာ..သားနေရာနဲ့ ဗီလိန်နေရာတွေမှာသုံးကိုယ်ခွဲအဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီးမင်းသမီးချောလေး ဆမန်းသားနဲ့ နစ်သယားတို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ဘတ်ဂျက် ရူပီ ကုဋေ ၇၀ မှာ ခန့်မှန်းခြေ ရူပီ ကုဋေ ၁၀၀ ဝန်းကျင်အထိ ပြန်လည်ရရှိခဲ့တဲ့ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကဲ အခု ဇာတ်လမ်းကိုသွားမယ်။စည်သူနဲ့ အက်ထရီယားဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာ စည်သူဟာ မိဘတွေရဲ့အလေးပေးခြင်းကိုခံရပြီး သိပ်တော်သိပ်ထက်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ပေါ့။အိန္ဒိယနံပါတ် ၁ နာရီကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖီးနစ်နာရီကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။စည်သူဟာ အချိန်ခရီးသွားလို့ရတဲ့ နာရီလေးတစ်လုံးကို တီထွင်ဖန်တီးနေခဲ့တယ်။အောင်မြင်သွားတဲ့အချိန်မှာ မနာလိုရန်လိုစိတ်များနေတဲ့ အက်ထရီယားဟာစည်သူ့အိမ်ကို တပည့်တပန်းတွေတသိုက်နဲ့ နာရီကိုလက်ဝယ်အပိုင်သိမ်းဖို့ရောက်လာခဲ့ပါပြီ။ရှေ့ဆက်ပြီး ဇာတ်လမ်းရဲ့လှည့်ကွက်လေးတွေနဲ့ ကံကြမ္မာရဲ့စေစားချက်တွေကိုမျက်တောင်မခတ်တမ်းကြည့်ရမယ့် ဒီကားလေးမှာ မျောပါရဦးမှာဖြစ်ပါတယ်လို့ညွှန်းဆိုပေးလိုက်ပါတယ်နော်။
အမျိုးအစား: Action, Science Fiction, Thriller
သွန်း: Suriya, Samantha Ruth Prabhu, Nithya Menen, Saranya Ponvannan, Ajay, Mohan Raman
လေယာဉ်အမှုထမ်း: Vikram Kumar (Director), Prawin Pudi (Editor), Suriya (Producer), Amit Ray (Production Design), A.R. Rahman (Original Music Composer), Anna Noa Ablamowicz (Costume Design)
Subtitle:
ETC.
လွှတ်ပေး: May 05, 2016
လူကြိုက်များသည်: 34.791
ဘာသာစကား: தமிழ்
စတူဒီယို: Studio Green, 2D Entertainment
နိုင်ငံ: India