ကျွန်ုပ်တို့၏ရုပ်ရှင်နှင့်ဗီဒီယိုစာကြည့်တိုက်ကိုအသင်းဝင်များမှသာလွှင့်ထုတ်နိုင်သည်
အခမဲ့စောင့်ကြည့်ရန်ဆက်လက်➞Sign Up လုပ်ရန် ၁ မိနစ်ခန့်သာလိုတော့သည်။ ထို့နောက်သင်သည် Unlimited Movies & TV ခေါင်းစဉ်များကိုခံစားနိုင်သည်။
Censor (2021)
အီနစ်ဟာရုပ်ရှင်ကားတွေကိုဆင်ဆာဖြတ်ပေးရတဲ့သူ တစ်ယောက်ဖြစ်ပါတယ် တစ်ချိန်တည်းမှာပဲ ဗြိတိန်မှာ ရာဇဝတ်မှုဖြစ်ပွားနှုန်းတွေမြင့်တက်လာတာဟာရက်စက်ကြမ်းကြုတ်တဲ့ဇာတ်ဝင်ခန်းတွေပါတဲ့ ရုပ်ရှင်ကားတွေ လူနေမှုပတ်ဝန်းကျင်ထဲကို ထိုးဖောက်လာတာကြောင့်ဖြစ်တယ်လို့လူတိုင်းကအပြစ်တင်နေကြတဲ့အချိန်လည်း ဖြစ်ပါတယ်အီနစ်ဟာစိန်ခေါ်မှုတွေများတဲ့အလုပ်ကြောင့်ဖိအားတွေများနေတဲ့အပြင် ညီမဖြစ်သူ သူ့ကြောင့်ပျောက် ဆုံးသွားရတဲ့အဖြစ်ကြောင့် ကိုယ့်ကိုယ်ကိုအပြစ်တင်ပြီးနေထိုင်နေတဲ့သူဖြစ်ပါတယ် တစ်နေ့မှာတော့သူဆင်ဆာဖြတ်ပေးရတဲ့ ရုပ်ရှင်တစ်ကားဟာ သူ့ညီမ မပျောက်ဆုံးခင်အချိန်ကနဲ့ တိုက်ဆိုင်စွာတူနေတာကိုတွေ့ရပါတော့တယ်အီနစ်တစ်ယောက် သူ့ရဲ့အတိတ်နဲ့ဒီရုပ်ရှင်ဘယ်လိုဆက်စပ်နေသလဲဆိုတာကိုရှာဖွေပါတော့တယ် ဒီဇာတ်ကားထဲမှာဆိုရင်လူတွေရဲ့စိတ်စွဲလမ်းမှုတွေနဲ့ရုပ်ရှင်ကားတွေကိုစိတ်အပန်းဖြေရုံမကြည့်ဘဲ လက်တွေ့နဲ့ရောထွေးမှုတွေကြောင့် ဘေးဖြစ်ရတဲ့ပုံတွေကိုစိတ္တဇဆန်ဆန်ရိုက်ကူးတင်ပြထားတဲ့ ထူးခြားတဲ့ကားလေးပဲဖြစ်ပါတယ်
သွန်း: Niamh Algar, Michael Smiley, Nicholas Burns, Vincent Franklin, Sophia La Porta, Adrian Schiller
လေယာဉ်အမှုထမ်း: Annika Summerson (Director of Photography), Elliot Beach (Gaffer), Oliver Ferris (Foley Artist), Tim Harrison (Supervising Sound Editor), Danielle Dunster (Visual Effects Producer), István V. Molnár (Visual Effects)
Subtitle: ETC.
လွှတ်ပေး: Jun 11, 2021
လူကြိုက်များသည်: 7.999
ဘာသာစကား: English
စတူဒီယို: Silver Salt Films, Film4 Productions, Ffilm Cymru Wales, Cinelab London, Kodak Motion Picture Products, Rook Films, Timpson Films
နိုင်ငံ: United Kingdom