ကျွန်ုပ်တို့၏ရုပ်ရှင်နှင့်ဗီဒီယိုစာကြည့်တိုက်ကိုအသင်းဝင်များမှသာလွှင့်ထုတ်နိုင်သည်
အခမဲ့စောင့်ကြည့်ရန်ဆက်လက်➞Sign Up လုပ်ရန် ၁ မိနစ်ခန့်သာလိုတော့သည်။ ထို့နောက်သင်သည် Unlimited Movies & TV ခေါင်းစဉ်များကိုခံစားနိုင်သည်။
Elysium (2013)
2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား မက်ဒေမွန်ရဲ့ Elysium ရုပ်ရှင်ကားဟာ Box Office အမေရိကန်ဒေါ်လာ 286 သန်း အထိရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ Action, Sci-fi ပုံစံတင်ဆက်ထားပေမယ့် လူဦးရေထူထပ်လာခြင်း၊ လူသားဆန်မှုလျော့နည်းလာခြင်း၊ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ တရားစီရင်ရေးစနစ်နဲ့ လူတန်းစားဆိုင်ရာပြသနာတွေ အနာဂတ်မှာဖြစ်လာမှာတွေကို မီးမောင်းထိုးပြထားပါတယ် ၂၁ ရာစုရဲ့အဆုံးသတ်မှာ ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲမှု အဆိပ်သင့်မှု ကပ်ရောဂါတွေ ဖုံးလွှမ်းလာပါတယ် ဒီလိုအချိန်မှာ အချမ်းသာဆုံးလူတွေဟာ ကမ္ဘာကြီးမှာ မနေကြတော့ဘဲ သူတို့ရဲ့လူနေမှုအဆင့်အတိုင်း သီးသန့်တည်ဆောက်ထားတဲ့ အိုခြင်းမရှိ နာဖျားခြင်းမရှိတဲ့ ဂြိုလ်တစ်ခုဆီကို ထွက်ခွာသွားကြပါတယ် သမိုင်းနဲ့ချီလာတဲ့ထုံးစံအတိုင်း ငမွဲလေးတွေ နင်းပြားလေးတွေကတော့ ကမ္ဘာကြီးရဲ့ဆိုးညစ်မှုတွေကြား ပိတ်လှောင်ခံရစမြဲပေါ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့ဘဝတွေနဲ့လဲ ဆင်တူတာမလို့ ခံစားကြည့်ကြပါဦး။
အမျိုးအစား: Science Fiction, Action, Drama, Thriller
သွန်း: Matt Damon, Jodie Foster, Sharlto Copley, Diego Luna, Wagner Moura, Alice Braga
လေယာဉ်အမှုထမ်း: Neill Blomkamp (Director), Neill Blomkamp (Writer), Simon Kinberg (Producer), Ryan Amon (Original Music Composer), Trent Opaloch (Director of Photography), Sue Baden-Powell (Executive Producer)
Subtitle: ETC.
လွှတ်ပေး: Aug 07, 2013
လူကြိုက်များသည်: 28.995
ဘာသာစကား: English
စတူဒီယို: TriStar Pictures, MRC, QED International, Alphacore, Genre Films
နိုင်ငံ: United States of America